September 20, 2025

ပီးလုိင္းကီးနဲ႔ ေတြ႔ဆုံေျမးမန္းျခင္း| ပီးလိုင်းကီးနဲ့ တွေ့ဆုံမြေးမန်းခြင်း။

Pi Leng Kee

Pi Leng Kee

ချင်းအမျိုးသားတပ်ဦး ဗဟိုကော်မီတီဝင်၊ ချင်းအမျိုးသားတပ်ဦးအမျိုးသမီးကော်မတီအတွင်းရင်းမှူး ပီး လိုင်းကီးနှင့် The Chinland Post တွေ့ဆုံမြေးမန်းခြင်း။

၁။ မင်္ဂလာပါ။ ပထမဦးဆုံး ပြန်မိတ်ဆက်ပေးလို့ရမလား။ ချင်းအမျိုးသားတပ်ဦးအမျိုးသမီးကော်မတီမှာ ဘယ်လိုပါဝင်နေသလဲဆိုတာ မိတ်ဆက်ပေးနိုင်မလား
ပီးလိုင်းကီး- ကျမက ပီးလိုင်းကီးလို့ခေါ်တယ်။ CNF ရဲ့ ဗဟိုကော်မတီဝင်တယောက်ဖြစ်ပါတယ်။ ပြီးတော့ ၂၀၁၈ခုနှစ်မှာ CNF Women Committee ဖွဲ့စည်းပြီး အတွင်းရေးမှူးလုပ်ဖြစ်တယ်။ လာလ်မှာနိတ် ရွာအီး (ပီးသဲအီး)က ဥက္ကဌဖြစ်တယ်။ ပြီးတော့ ပြည်တွင်းမှာရှိတဲ့အဖွဲ့ဝင်နဲ့ချိတ်ဆက်မယ်။ ပြီးရင်ဌာန ချုပ်မှရှိတဲ့ ရဲမေတွေ၊ ရဲမေဟောင်းတွေ ပြီးရင် ကျမတို့ရဲဘော်တွေနှင့် အမျိုးသမီးနဲ့ဆိုင်တဲ့လုပ်ငန်း တွေလုပ်ဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးအားကောင်းလာအောင် အမျိုးသမီးတွေပိုပြီးပါဝင်လာနိုင် အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းတာဖြစ်ပါတယ်လို့ ကျမအခု CNF မှာပဲ အလုပ် လုပ်နေတယ်လို့။

၂။ ချင်းအမျိုးသားတပ်ဦးမှာ အမျိုးသမီးပါဝင်မှုအခြေအနေနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်သည့် အဆင့် အခန်းကဏ္ဍမှာကော ချင်းအမျိုးသားတပ်ဦးဆီက အမျိုးသမီးတွေက ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေလဲ?
ပီးလိုင်းကီး- ချင်းအမျိုးသားတပ်ဦးမှာ အမျိုးသမီးပါဝင်နှုန်းကတော့ အရမ်းနည်းနေသေးတာပေါ့နော်။ ဒါပေမယ့် ကျမတို့ချင်းအမျိုးသားတပ်ဦးအနေနဲ့ အမျိုးသမီးတွေ ၃၀% ပါဝင်လာရေးကိုလည်း အစိုက်မတ်မတ် အရင်ဆုံးတောင်းဆိုပြီးမှ ဒီ NCA စာချုပ်မှာ ပါနိုင်တဲ့အထိ ကြိုးစားလုပ်ဆောင်ခဲ့တာကို ကြည့်လို့ရှိရင် အမျိုးသမီးတွေကို အရမ်းကြိုဆိုတယ် အမျိုးသမီးသည်ကိုပါဝင်စေချင်တယ် လမ်းဖွင့် ပေးထားတယ်ဆိုတာကို ကျမတို့ငြင်းလို့မရဘူး။ ဒါပေမယ့် ကျမတို့လက်ရှိအနေအထားမှာတော့ ဗဟို ကော်မတီဝင် ပါတီဖွဲ့ စည်းပုံအရဆိုရင် ဗဟိုကော်မတီမှာ(၃)ဦးရှိတယ်။ အလုပ်အမှုဆောင် (CEC) မှာတော့ မရှိနိုင်သေးဘူး။ ဒီတပ်ပိုင်းဆိုင်ရာမှာလည်း ရဲမေတွေ အများကြီးလိုအပ်နေသေးတယ်ဆိုတာ ကိုတော့ ကျမတို့ ငြင်းလို့မရပါဘူး။ ပြီးတော့ နောက်တစ်ခုက ပြည်ထောင်စုအဆင့်မှာဆိုလို့ရှိရင်ကျမ တို့ ချင်းအမျိုးသား တပ်ဦးအနေနဲ့ တရားဝင် ၂၁ရာစုပင်လုံ တက်နိုင်တာက အမျိုးသမီး (၂)ဦးပဲရှိပါသေးတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဗဟိုကော်မတီအဆင့်ပဲတက်နိုင်တဲ့အခါကြတော့ ကျမ နိုင်ငံရေးကဏ္ဍမှာပါပါတယ်။ ဆရာမပီသဲအီးကတော့ မြေယာနှင့် သဃံဇာတမှာပါပါတယ်။ ဒါဟာ CNF ရဲ့အခန်းကဏ္ဍအနေနဲ့ပေါ့။ ပြီးတော့ ဒီပြည်ထောင်စုအဆင့်မှာ ကျမတို့ပါဝင်နိုင်တဲ့အခန်းကဏ္ဍ အခုလက်ရှိမှာပေါ့ ၂၀၁၈ထဲ Ethnic Armed Organizations_ Nationwide Ceasefire Agreement (EAOs-NCA) Peace Process Steering Team (PPST) ကဖွဲ့စည်းပေးလိုက်တဲ့ Women Leadership ဆိုတာ ကျမတို့အဖွဲ့ဖွဲ့ထားတာရှိပါတယ်။ အရင်တိုက်ပွဲဝင်ခဲ့တဲ့အမျိုးသမီးတွေကနေ ဦးဆောင်ပြီးမှ EAOs Women Group အနေနဲ့ Workshop (၅)ကြိမ်လုပ်နိုင်ခဲ့ပြီပေါ့နော်။ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု အဆင့်မှာ အခုဖြစ်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ဖို့အတွက် ဒီခေါင်းဆောင်တွေကနေဦးဆောင်ပြီး ကြိုးစားလုပ်ဆောင်နေ တာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ လည်း အခုနောက်ဆုံးအကြိမ် ကျမတို့ဒီလထဲမှာ လုပ်သွားတဲ့ PPST အစည်းအဝေးမှာလည်း လားဟူ က ဆရာမနိုင်ရင်စိုးကလည်း PPST Working Committee မှာ ဒုတိယဥက္ကဌနေရာ ရသွားတယ်။ ပြီးတော့ ကျန်တဲ့အဖွဲ့ထဲကနေမှ အလှည့်ကျပေါ့နော်။ PPST meeting ဆိုတာကလည်း EAOs တွေရဲ့ထိပ်သီး အစည်းအဝေးပဲပေါ့ ဒီထက်မြင့်တဲ့အစည်းအဝေးဆိုတာမရှိ ဒီမျိုးမှာလည်းအမျိုးသမီးတွေ ပါဝင်နိုင်မည့်လမ်းကြောင်းပေါ်လာတယ်။ ကျမတို့ လေ့လာသူအနေ နဲ့လည်း သွားပြီးခါမှသူတို့ပါဝင်ခွင့်ပေးတာ လည်းတွေ့ရတယ်။ ဒါပေမယ့် အခင်းအကျင်းကို ကြည့်မယ်ဆိုလို့ရှိရင် decision making top leader ပိုင်းမှာ အမျိုးသမီးသည်ရဲ့အသံပေါ့ အခုလက်ရှိအနေအထားကို ကြည့်မယ်ဆိုရင်အမျိုးသမီးတစ်ဦး ထဲပဲရှိတယ်ပေါ့။ သူ့ကိုပိုပြီးမှ အမျိုးသမီးအချင်းချင်းဆိုရင် ပိုပြီးမှဆွေးနွေးရတာ ပြီးရင်ပံ့ပိုးရတာ supporting လုပ်ရတာ ပိုပြီးအဆင် ပြေတယ်။ ရခိုင်က ဆရာမစောမြရာဇာလင်းတစ်ယောက်ထဲပဲ အခုလက်ရှိ PPST မှာ ရှိနေသေးတဲ့ အနေအထားမျိုးဖြစ်တယ်။ ဒီလိုမျိုးကိုလည်း အမျိုးသမီးသည် ကိုယ့်ရဲ့ EAOs အစုအဖွဲ့အသီးသီး ကနေသော်လည်းကောင်း ဒီပြည်ထောင်စုအဆင့်မှာသော်လည်းကောင်း ဒီNCA လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့သည်အနေနဲ့ ကျမတို့အမျိုးသမီးသည်ပါဝင်နိုင်မှုကို အတတ်နိုင်ဆုံး ကိုယ်တိုင်က ကြိုးစားပြီးမှ ရှာဖွေကြတယ်၊ ပါဝင်နိုင်အောင်လည်း ကြိုးစားကြတယ်။ EAOs ခေါင်းဆောင်ကိုယ်တိုင်က လည်း တိုင်ရင်းသားသည်ကတော့ အခုလက်ရှိအခင်းအကျင်းအရတော့ အမျိုးသမီးတွေပါဝင်လာ နိုင်ဖို့ကို တော်တော်လေးလမ်းလည်းဖွင့်ထားတယ် ကြိုးကြိုးစားစား လေးနဲ့ပေါ့နော် သူတို့လည်း တွဲ ခေါ်နေတယ်ဆိုတာကျမပြောချင်တယ်။

၃။ အမျိုးသမီးတွေမှာတော့ နိုင်ငံရေး၊ ဒေသန္ဒရအုပ်ချုပ်ရေး၊ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေမပါဝင်သေးတာ ဘာကြောင့်များဖြစ်နိုင်သလဲ သိချင်ပါတယ်။
ပီးလိုင်းကီး- ကျမရဲ့တဦးတည်းသုံးသပ်ချက်အရပေါ့လေ ကျမတို့ရဲ့ ဒီပြည်တွင်းမငြိမ်းချမ်းခြင်းရဲ့ အသီးအပွင့်လို့ပဲ ကျမတော့ ခေါင်းစဉ်တပ်ချင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မြန်မာနိုင်ငံ က ဆင်းရဲတာလည်းပါတယ်။ လူမှုဘဝမဖူလုံတာလည်းပါတယ်ပေါ့နော်။ လိုအပ်ချက်တွေ အရမ်းများ နေတဲ့အခါ မိသားစုတစ်ခုမှာက မိခင်ကအခရာသွားကျတယ်ပေါ့။ ပြီးတော့ အမျိုးသမီးတစ်ယောက်က သူပညာ တတ်လာတယ် သူဘွဲ့ရလာတယ်ဆိုလို့ရှိရင်လည်း လစာရတဲ့အလုပ်မျိုးဒီလိုမျိုး ဝန်ထမ်း NGO မလုပ် သည့်တိုင်အောင် ဝင်ငွေရှိတဲ့လုပ်ငန်းမျိုး ဒီလိုမျိုးကိုယ့်ရဲ့နေစဉ် စားဝတ်နေရေးဖူလှုံရေး မျိုးမှာပဲ အရမ်း အာရုံစိုက်တဲ့အခါကြတော့လည်း ဒီနိုင်ငံရေးပိုင်းမှာကြတော့ အာရုံမစိုက်နိုင်ဘူးလို့ ကျမအနေနဲ့သုံးသပ်ချင်တယ်။ ပြီးတော့ တစ်ဖက်ကစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လည်း အာရုံစိုက်မယ် ဆိုပြန်တော့လည်း ကျမတို့ရဲ့လက်ရှိပြည်တွင်း အနေအထား တိုင်းရင်းသားဒေသမှာသော်လည်း ကောင်း ဒီပြည်တွင်းထဲမှာသော်လည်းကောင်းပေါ့ ကျမတို့ရဲ့ ရိုးရာယဉ်ကျေးမှုထုံးတိုင်းစဉ်လာအရ တိုင်းရင်းသားတိုင်းမှာရှိတယ် ဒါဟာပြည်တွင်းမှာရှိတယ် အမျိုးသမီးဟာ နိုင်ငံရေးမှာပါဝင်တယ် အခု ကျမတို့ဆိုလို့ရှိရင် ဒီတော်လှန်ရေးအဖွဲ့အစည်းထဲလိုပဲ ပြောမယ်ပေါ့ ဒါဟာ NCA လက်မှတ်ထိုးပြီးမှ ကျမတို့ပါဝင်တာတောင်မှ အခက်အခဲသည်ရှိတယ်ပေါ့နော် လူတွေရဲ့ဝေဖန်သုံးသပ်တာတွေ ပြီးရင် အနှောက်အယှက်၊ အဟန့်အတား အခက်အခဲဆိုတာအများကြီးစိန်ခေါ်မှုသည်က ကျမအများကြီး စိန်ခေါ်မှုများစွာက ကျမတို့ကိုကြိုနေသလိုမျိုးခံရတယ်။ ဒီလိုမျိုးအချိန်မှာပေါ့နော် အမျိုးသမီးအချင်း ချင်းအား ပေးတတ်ဖို့ ဆိုတာလည်းလိုတယ်။ ဥပမာကျမ အခုလက်ရှိပြည်တွင်းမှာဆိုလို့ရှိရင် CSO တွေ လည်းရှိတယ် အရပ်ဘက်အဖွဲ့အစည်း အမျိုးသမီးသည်ရှိတယ်။ ကျမတို့ချင်းပြည်နယ်မှာဆိုရင်လည်း ချင်းပြည်နယ် မြို့နယ်တိုင်းမှာ အမျိုးသမီးအဖွဲ့တွေ အများကြီးရှိတယ်။ သို့သော်ငြားလည်းပဲ သူတို့ ကျားမတန်း တူရေးတို့ women rights တို့စသည်ဖြစ် သူတို့မျှဝေမှု(sharing)သည် လုပ်နေတဲ့ အခန်း ကဏ္ဍသည် ငြိမ်းချမ်းရေးဖြစ်စဉ်(peace process)နှင့် အမျိုးသမီးခေါင်းစဉ်၊ ဒါမှမဟုတ်လို့ရှိရင် ငြိမ်းချမ်းရေးနှင့် မြေယာစသဖြင့် ခေါင်းစဉ်အများကြီးနဲ့ သူတို့အလုပ်လုပ်တယ်။ ဒါပေမယ့် တကယ့် ငြိမ်းချမ်းရေးထဲမှာပေါ့နော် ကြိုးစားပမ်းစားနဲ့ပါဝင်နေတဲ့အမျိုးသမီးအချင်းချင်းကြတော့လည်း မချိတ် ဆက်ကြဘူး ဒါကျမအမြင် ဒါအရိုးသားဆုံးကျမမြင်တာပေါ့။ အဲလိုမျိုးသည်လည်းရှိတဲ့အခါကြတော့ ဒါသူ့အလုပ်သူလုပ်နေတာပဲ ဒီအဖွဲ့အစည်းနဲ့ဆိုလို့ရှိရင် အော်သူတို့က တော်လှန်ရေးအဖွဲ့အစည်း ပဲပေါ့နော် ဒါဥပဒေနဲ့ မကင်းဘူးလားစသဖြင့် စိုးရင်စိတ်ကြောက်စိတ်သည်က ကျမတို့အမျိုးသမီး စိတ်ထဲမှာ ရှိနေသေးတယ်။ အလုပ်တစ်ခုခုလုပ်တော့မယ်ဆို ပြတ်သားဖို့လိုတယ်၊ သတ္တိရှိဖို့လိုတယ် ကိုယ့်ဟာနဲ့ကိုယ်လည်း ယုံကြည်မှုရှိဖို့လိုတယ်။

၄။ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေပါဝင်လာဖို့အတွက် ဘယ်လိုအပြောင်းလဲမှုတွေလုပ်သင့်ပါသလဲ?
ပြီးတော့ ကိုယ်ကိုယ်နှိက်ကိုက အရင်ဆုံးပြောင်းလဲဖို့လိုတယ်။ ကျမအမြဲတိုင်းပြောတယ်။ ကိုယ်ကိုယ်နှက်ပြောင်းလဲမှ ကျမပါဝင်နိုင်မှုနှုန်းလည်းမြင့် တက်လာမယ်။ အုပ်ချုပ်မှူးတွေသူတို့ရွေး တယ်ပေါ့နော် မြို့နယ်တွေ ရပ်ရွာတွေ၊ စည်ပင်လည်း ရွေးတယ်။ ဒီလိုမျိုးမှာ ကြတော့ အမျိုးသမီးတွေ ကလည်း မထွက်လာတော့ဘူး ကျမလက်ရှိမြင် နေရတာကတစ်ခုက ပါတီသည် ၂၀၂၀ရွေးကောက်ပွဲ လာတော့မယ် ပါတီတိုင်းက အမျိုးသမီးကို လေ့လာတယ်လေ ဘယ်အမျိုးသမီးက ဘယ်မြို့နယ်မှာ ဘယ်နှစ်ယောက်ထွက်လာနိုင်မလဲဆိုတာ အမျိုးသမီးအခွင့် အရေးကတော့ပြောနေကြတယ်၊ လုပ်နေ ကြတယ်၊ အော်နေကြတယ်၊ ကြိုးစားနေကြတယ်၊ အခွင့်အရေးချိုးဖောက်ခံရတယ် နည်းမျိုးစုံပေါ့ လူမှုရေးကိုလုပ်နေကြသော်ငြားလည်းပဲ တကယ့်တွေမှာပေါ့နော် decision maker ရောက်မယ့် အနေအထားလိုမျိုးမှာ ကျမတို့အမျိုးသမီးတွေက ထွက်မလာဘူး။ ဆိုတော့ဘာကိုခက်ခဲလဲ။ ကိုယ့်ကိုယ်လည်းကိုယ်မေးတယ်။ ဘာကခက်ခဲ နေလည်းဆိုတော့ အဓိကကိုယ့်ကိုယ်ကို အရင်ပြောင်း လဲပါလို့။ အဲဒါပဲ။ ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲဖို့၊ သတ္တိရှိဖို့ အဲဒါကိုပဲ အဲဒါကြောင့်မလို့ဆိုပြီး ကျမတော့ ပြောချင်တယ်။

၅။ အမျိုးသမီးအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှာ ပါဝင်လုပ်ကိုင်နေတော့ လူမှုအသိုင်းအဝိုင်း ကြားမှာ ခွဲခြားဆက်ဆံရတာတွေခံခဲ့ဖူးသလား။
ပီးလိုင်းကီး- ရှိပါတယ်။ ဒါကတော့။ အများကြီးပဲရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကြတော့ Peace process ဖြစ်နေကာလ နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ရှိလာပြီ NCA နှစ်ပတ်လည်တွေ ဖြစ်လာပြီး ဆိုတော့လေ အခုတော့ အနေအထားကနေ နည်းနည်းတော့ ကျော်လွန်လာတယ် နည်းနည်းတော့ တံခါးဖွင့်လာတယ်လို့ ကျမခံစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည် အမျိုးသမီးအဖွဲ့ချုပ် ဆိုလို့ ရှိရင် ငြိမ်းချမ်းရေးဖိုရမ်တွေလုပ်လို့ရှိရင်လည်း EAOs ထဲက အမျိုးသမီးတွေကို တစ်ဖွဲ့ကတစ်ယောက် ဖိတ်တဲ့ဟာလေသည်၊ တစ်ချို့Peace Forum လုပ်တဲ့ CSO တွေလုပ်ရင်လည်းပါဝင်ဖို့ဆိုတဲ့ဟာ မျိုးသည် အချိတ်အဆက်ကတော့ မိလာကြပါပြီ အရင်ကထက်စာလို့ရှိရင်အများကြီးပဲ။ အရင်ကတော့ ကြောက်တာပေါ့။ ကိုယ်ကလူမှုအဖွဲ့အစည်းတစ်ခုကနေတက်လာတယ်ဖြစ်ခဲ့ရင်တောင်မှကိုယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှပါတော့ သူတို့ရဲ့အမြင်က တစ်မျိုးကြီးဖြစ်သွားပြီးလဲ။ သူတို့ရဲ့ဝေဖန်သုံးသပ်မှုကတစ်မျိုးကြီးဖြစ်သွားတယ်။ သူလည်းသူ့ပေါလစီနဲ့သူသွားတယ်။ ကိုယ် လည်း ကိုယ့်ပေါ်လစီနဲ့ကိုယ်သွားတယ်ဆိုတဲ့အနေအထားလိုမျိုးမှာ တစ်ယောက်နဲ့တစ်ယောက်၊ အရင်ကတော့ ရင်ခုန်သံထပ်တူပေမယ့် ရင်ခုန်သံကနည်းနည်းအလှမ်းဝေးကွာသွားတဲ့ဟာမျိုးလေး သည်ပေါ့။ ကျမအများကြီးကြုံခဲ့ပါတယ်လို့။

၆။ ့ ကြည့်ရှုအားပေးနေသည့် အမျိုးသမီးများကို ဘာများမှာချင်ပါသလဲ။
ပီးလိုင်းကီး- ချင်းပြည်နယ်အရပ်ရပ်မှာရှိတဲ့အမျိုးသမီးအားလုံးကိုပေါ့လေ ကျမအားပေးချင်ပါတယ်လို့။ ကိုယ်ကျ တဲ့ကဏ္ဍ၊ ကိုယ်ပါဝင်ပတ်သက်နေတဲ့ လူမှုအသိုင်းအဝိုင်းမှာ ဇွဲလျှော့လုံလဝိရိယလျှော့တာ မျိုး အားငယ်တာမျိုး ကိုယ့်ကိုယ်သိမ်ငယ်တာမျိုး စိတ်ဓါတ်သည်မမွှေးစေဘူးလို့။ အားတင်းထားပါ။ ကျမတို့ချင်းအမျိုးသမီးတွေဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတိုင်းမှာ ချင်းအမျိုးသမီးတွေ လည်း ခေါင်းဆောင်ကောင်းအများကြီး ပေါ်ထွန်းလာနိုင်အောင်ကြိုးစားကြရအောင် ကျမအနေနဲ့ မှာချင်ပါ တယ်။

Zawgyi Font

ခ်င္းအမ်ဳိးသားတပ္ဦး ဗဟုိေကာ္မီတီ၀င္၊ ခ်င္းအမ်ဳိးသားတပ္ဦးအမ်ဳိးသမီးေကာ္မတီအတြင္းရင္းမွဴး ပီး လုိင္းကီးနွင့္ The Chinland Post ေတြ႔ဆုံေျမးမန္းျခင္း။

၁။ မဂၤလာပါ။ ပထမဦးဆုံး ျပန္မိတ္ဆက္ေပးလုိ႔ရမလား။ ခ်င္းအမ်ဳိးသားတပ္ဦးအမ်ဳိးသမီးေကာ္မတီမွာ ဘယ္လုိပါ၀င္ေနသလဲဆုိတာ မိတ္ဆက္ေပးနုိင္မလား
ပီးလုိင္းကီး- က်မက ပီးလုိင္းကီးလုိ႔ေခၚတယ္။ CNF ရဲ႕ ဗဟုိေကာ္မတီ၀င္တေယာက္ျဖစ္ပါတယ္။ ျပီးေတာ့ ၂၀၁၈ခုနွစ္မွာ CNF Women Committee ဖြဲ႔စည္းျပီး အတြင္းေရးမွဴးလုပ္ျဖစ္တယ္။ လာလ္မွာနိတ္ ရြာအီး (ပီးသဲအီး)က ဥကၠဌျဖစ္တယ္။ ျပီးေတာ့ ျပည္တြင္းမွာရွိတဲ့အဖြဲ႔၀င္နဲ႔ခ်ိတ္ဆက္မယ္။ ျပီးရင္ဌာန ခ်ဳပ္မွရွိတဲ့ ရဲေမေတြ၊ ရဲေမေဟာင္းေတြ ျပီးရင္ က်မတို႔ရဲေဘာ္ေတြနွင့္ အမ်ဳိးသမီးနဲ႔ဆုိင္တဲ့လုပ္ငန္း ေတြလုပ္ဖုိ႔၊ ျငိမ္းခ်မ္းေရးျဖစ္စဥ္ကုိ ပုိျပီးအားေကာင္းလာေအာင္ အမ်ဳိးသမီးေတြပုိျပီးပါ၀င္လာနုိင္ ေအာင္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ ဒီအဖြဲ႔အစည္းကုိ ဖြဲ႔စည္းတာျဖစ္ပါတယ္လုိ႔ က်မအခု CNF မွာပဲ အလုပ္ လုပ္ေနတယ္လုိ႔။

၂။ ခ်င္းအမ်ဳိးသားတပ္ဦးမွာ အမ်ဳိးသမီးပါ၀င္မႈအေျခအေနနွင့္ ျပည္ေထာင္စုျငိမ္းခ်မ္းေရးေဖာ္ေဆာင္သည့္ အဆင့္ အခန္းက႑မွာေကာ ခ်င္းအမ်ဳိးသားတပ္ဦးဆီက အမ်ဳိးသမီးေတြက ဘယ္လို အခန္းက႑မွာ ပါ၀င္ေဆာင္ရြက္ေနလဲ?
ပီးလုိင္းကီး- ခ်င္းအမ်ဳိးသားတပ္ဦးမွာ အမ်ဳိးသမီးပါ၀င္နႈန္းကေတာ့ အရမ္းနည္းေနေသးတာေပါ့ေနာ္။ ဒါေပမယ့္ က်မတုိ႔ခ်င္းအမ်ဳိးသားတပ္ဦးအေနနဲ႔ အမ်ဳိးသမီးေတြ ၃၀% ပါ၀င္လာေရးကုိလည္း အစုိက္မတ္မတ္ အရင္ဆုံးေတာင္းဆုိျပီးမွ ဒီ NCA စာခ်ဳပ္မွာ ပါနုိင္တဲ့အထိ ၾကိဳးစားလုပ္ေဆာင္ခဲ့တာကုိ ၾကည့္လုိ႔ရွိရင္ အမ်ဳိးသမီးေတြကုိ အရမ္းၾကိဳဆုိတယ္ အမ်ဳိးသမီးသည္ကုိပါ၀င္ေစခ်င္တယ္ လမ္းဖြင့္ ေပးထားတယ္ဆုိတာကုိ က်မတုိ႔ျငင္းလုိ႔မရဘူး။ ဒါေပမယ့္ က်မတုိ႔လက္ရွိအေနအထားမွာေတာ့ ဗဟုိ ေကာ္မတီ၀င္ ပါတီဖြဲ႔ စည္းပုံအရဆုိရင္ ဗဟုိေကာ္မတီမွာ(၃)ဦးရွိတယ္။ အလုပ္အမႈေဆာင္ (CEC) မွာေတာ့ မရွိနုိင္ေသးဘူး။ ဒီတပ္ပုိင္းဆုိင္ရာမွာလည္း ရဲေမေတြ အမ်ားၾကီးလုိအပ္ေနေသးတယ္ဆုိတာ ကုိေတာ့ က်မတုိ႔ ျငင္းလုိ႔မရပါဘူး။ ျပီးေတာ့ ေနာက္တစ္ခုက ျပည္ေထာင္စုအဆင့္မွာဆုိလုိ႔ရွိရင္က်မ တုိ႔ ခ်င္းအမ်ဳိးသား တပ္ဦးအေနနဲ႔ တရား၀င္ ၂၁ရာစုပင္လုံ တက္နုိင္တာက အမ်ဳိးသမီး (၂)ဦးပဲရွိပါေသးတယ္။ ဘာျဖစ္ လုိ႔လဲဆုိေတာ့ ဗဟုိေကာ္မတီအဆင့္ပဲတက္နုိင္တဲ့အခါၾကေတာ့ က်မ နုိင္ငံေရးက႑မွာပါပါတယ္။ ဆရာမပီသဲအီးကေတာ့ ေျမယာနွင့္ သဃံဇာတမွာပါပါတယ္။ ဒါဟာ CNF ရဲ႕အခန္းက႑အေနနဲ႔ေပါ့။ ျပီးေတာ့ ဒီျပည္ေထာင္စုအဆင့္မွာ က်မတုိ႔ပါ၀င္နုိင္တဲ့အခန္းက႑ အခုလက္ရွိမွာေပါ့ ၂၀၁၈ထဲ Ethnic Armed Organizations_ Nationwide Ceasefire Agreement (EAOs-NCA) Peace Process Steering Team (PPST) ကဖြဲ႔စည္းေပးလုိက္တဲ့ Women Leadership ဆုိတာ က်မတုိ႔အဖြဲ႔ဖြဲ႔ထားတာရွိပါတယ္။ အရင္တုိက္ပြဲ၀င္ခဲ့တဲ့အမ်ဳိးသမီးေတြကေန ဦးေဆာင္ျပီးမွ EAOs Women Group အေနနဲ႔ Workshop (၅)ၾကိမ္လုပ္နုိင္ခဲ့ျပီေပါ့ေနာ္။ လုပ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ျပည္ေထာင္စု အဆင့္မွာ အခုျဖစ္ေနတဲ့ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီးေတြ အဓိပၸါယ္ျပည့္၀စြာ ပါ၀င္နုိင္ဖုိ႔အတြက္ ဒီေခါင္းေဆာင္ေတြကေနဦးေဆာင္ျပီး ၾကိဳးစားလုပ္ေဆာင္ေန တာျဖစ္ပါတယ္။ ဒီလုိလုပ္တဲ့ေနရာမွာ လည္း အခုေနာက္ဆုံးအၾကိမ္ က်မတုိ႔ဒီလထဲမွာ လုပ္သြားတဲ့ PPST အစည္းအေ၀းမွာလည္း လားဟူ က ဆရာမနုိင္ရင္စုိးကလည္း PPST Working Committee မွာ ဒုတိယဥကၠဌေနရာ ရသြားတယ္။ ျပီးေတာ့ က်န္တဲ့အဖြဲ႔ထဲကေနမွ အလွည့္က်ေပါ့ေနာ္။ PPST meeting ဆုိတာကလည္း EAOs ေတြရဲ႕ထိပ္သီး အစည္းအေ၀းပဲေပါ့ ဒီထက္ျမင့္တဲ့အစည္းအေ၀းဆုိတာမရွိ ဒီမ်ဳိးမွာလည္းအမ်ဳိးသမီးေတြ ပါ၀င္နုိင္မည့္လမ္းေၾကာင္းေပၚလာတယ္။ က်မတုိ႔ ေလ့လာသူအေန နဲ႔လည္း သြားျပီးခါမွသူတုိ႔ပါ၀င္ခြင့္ေပးတာ လည္းေတြ႔ရတယ္။ ဒါေပမယ့္ အခင္းအက်င္းကုိ ၾကည့္မယ္ဆုိလုိ႔ရွိရင္ decision making top leader ပုိင္းမွာ အမ်ဳိးသမီးသည္ရဲ႕အသံေပါ့ အခုလက္ရွိအေနအထားကုိ ၾကည့္မယ္ဆုိရင္အမ်ဳိးသမီးတစ္ဦး ထဲပဲရွိတယ္ေပါ့။ သူ႔ကုိပုိျပီးမွ အမ်ဳိးသမီးအခ်င္းခ်င္းဆုိရင္ ပုိျပီးမွေဆြးေႏြးရတာ ျပီးရင္ပံ့ပုိးရတာ supporting လုပ္ရတာ ပုိျပီးအဆင္ ေျပတယ္။ ရခုိင္က ဆရာမေစာျမရာဇာလင္းတစ္ေယာက္ထဲပဲ အခုလက္ရွိ PPST မွာ ရွိေနေသးတဲ့ အေနအထားမ်ဳိးျဖစ္တယ္။ ဒီလုိမ်ဳိးကုိလည္း အမ်ဳိးသမီးသည္ ကုိယ့္ရဲ႕ EAOs အစုအဖြဲ႔အသီးသီး ကေနေသာ္လည္းေကာင္း ဒီျပည္ေထာင္စုအဆင့္မွာေသာ္လည္းေကာင္း ဒီNCA လက္မွတ္ေရး ထုိးထားတဲ့ အဖြဲ႔သည္အေနနဲ႔ က်မတုိ႔အမ်ဳိးသမီးသည္ပါ၀င္နုိင္မႈကုိ အတတ္နုိင္ဆုံး ကုိယ္တုိင္က ၾကိဳးစားျပီးမွ ရွာေဖြၾကတယ္၊ ပါ၀င္နုိင္ေအာင္လည္း ၾကိဳးစားၾကတယ္။ EAOs ေခါင္းေဆာင္ကုိယ္တုိင္က လည္း တုိင္ရင္းသားသည္ကေတာ့ အခုလက္ရွိအခင္းအက်င္းအရေတာ့ အမ်ဳိးသမီးေတြပါ၀င္လာ နုိင္ဖုိ႔ကုိ ေတာ္ေတာ္ေလးလမ္းလည္းဖြင့္ထားတယ္ ၾကိဳးၾကိဳးစားစား ေလးနဲ႔ေပါ့ေနာ္ သူတုိ႔လည္း တြဲ ေခၚေနတယ္ဆုိတာက်မေျပာခ်င္တယ္။

၃။ အမ်ဳိးသမီးေတြမွာေတာ့ နုိင္ငံေရး၊ ေဒသႏၵရအုပ္ခ်ဳပ္ေရး၊ ေရြးေကာက္ပြဲမွာ အမ်ဳိးသမီးေတြမပါ၀င္ေသးတာ ဘာေၾကာင့္မ်ားျဖစ္နုိင္သလဲ သိခ်င္ပါတယ္။
ပီးလုိင္းကီး- က်မရဲ႕တဦးတည္းသုံးသပ္ခ်က္အရေပါ့ေလ က်မတုိ႔ရဲ႕ ဒီျပည္တြင္းမျငိမ္းခ်မ္းျခင္းရဲ႕ အသီးအပြင့္လုိ႔ပဲ က်မေတာ့ ေခါင္းစဥ္တပ္ခ်င္တယ္ေလ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ က်မတုိ႔ျမန္မာနုိင္ငံ က ဆင္းရဲတာလည္းပါတယ္။ လူမႈဘ၀မဖူလုံတာလည္းပါတယ္ေပါ့ေနာ္။ လုိအပ္ခ်က္ေတြ အရမ္းမ်ား ေနတဲ့အခါ မိသားစုတစ္ခုမွာက မိခင္ကအခရာသြားက်တယ္ေပါ့။ ျပီးေတာ့ အမ်ဳိးသမီးတစ္ေယာက္က သူပညာ တတ္လာတယ္ သူဘြဲ႔ရလာတယ္ဆုိလုိ႔ရွိရင္လည္း လစာရတဲ့အလုပ္မ်ဳိးဒီလုိမ်ဳိး ၀န္ထမ္း NGO မလုပ္ သည့္တုိင္ေအာင္ ၀င္ေငြရွိတဲ့လုပ္ငန္းမ်ဳိး ဒီလုိမ်ဳိးကုိယ့္ရဲ႕ေနစဥ္ စား၀တ္ေနေရးဖူလႈံေရး မ်ဳိးမွာပဲ အရမ္း အာရုံစုိက္တဲ့အခါၾကေတာ့လည္း ဒီနုိင္ငံေရးပုိင္းမွာၾကေတာ့ အာရုံမစုိက္နုိင္ဘူးလုိ႔ က်မအေနနဲ႔သုံးသပ္ခ်င္တယ္။ ျပီးေတာ့ တစ္ဖက္ကစဥ္းစားၾကည့္မယ္ဆုိလုိ႔ရွိရင္လည္း အာရုံစုိက္မယ္ ဆုိျပန္ေတာ့လည္း က်မတုိ႔ရဲ႕လက္ရွိျပည္တြင္း အေနအထား တုိင္းရင္းသားေဒသမွာေသာ္လည္း ေကာင္း ဒီျပည္တြင္းထဲမွာေသာ္လည္းေကာင္းေပါ့ က်မတုိ႔ရဲ႕ ရုိးရာယဥ္ေက်းမႈထုံးတုိင္းစဥ္လာအရ တုိင္းရင္းသားတုိင္းမွာရိွတယ္ ဒါဟာျပည္တြင္းမွာရွိတယ္ အမ်ဳိးသမီးဟာ နုိင္ငံေရးမွာပါ၀င္တယ္ အခု က်မတုိ႔ဆုိလုိ႔ရွိရင္ ဒီေတာ္လွန္ေရးအဖြဲ႔အစည္းထဲလုိပဲ ေျပာမယ္ေပါ့ ဒါဟာ NCA လက္မွတ္ထုိးျပီးမွ က်မတုိ႔ပါ၀င္တာေတာင္မွ အခက္အခဲသည္ရွိတယ္ေပါ့ေနာ္ လူေတြရဲ႕ေ၀ဖန္သုံးသပ္တာေတြ ျပီးရင္ အေနွာက္အယွက္၊ အဟန္႔အတား အခက္အခဲဆုိတာအမ်ားၾကီးစိန္ေခၚမႈသည္က က်မအမ်ားၾကီး စိန္ေခၚမႈမ်ားစြာက က်မတုိ႔ကုိၾကိဳေနသလုိမ်ဳိးခံရတယ္။ ဒီလုိမ်ဳိးအခ်ိန္မွာေပါ့ေနာ္ အမ်ဳိးသမီးအခ်င္း ခ်င္းအား ေပးတတ္ဖုိ႔ ဆုိတာလည္းလုိတယ္။ ဥပမာက်မ အခုလက္ရွိျပည္တြင္းမွာဆုိလုိ႔ရွိရင္ CSO ေတြ လည္းရွိတယ္ အရပ္ဘက္အဖြဲ႔အစည္း အမ်ဳိးသမီးသည္ရွိတယ္။ က်မတုိ႔ခ်င္းျပည္နယ္မွာဆုိရင္လည္း ခ်င္းျပည္နယ္ ျမိဳ႕နယ္တုိင္းမွာ အမ်ဳိးသမီးအဖြဲ႔ေတြ အမ်ားၾကီးရိွတယ္။ သုိ႔ေသာ္ျငားလည္းပဲ သူတို႔ က်ားမတန္း တူေရးတုိ႔ women rights တုိ႔စသည္ျဖစ္ သူတုိ႔မွ်ေ၀မႈ(sharing)သည္ လုပ္ေနတဲ့ အခန္း က႑သည္ ျငိမ္းခ်မ္းေရးျဖစ္စဥ္(peace process)နွင့္ အမ်ဳိးသမီးေခါင္းစဥ္၊ ဒါမွမဟုတ္လုိ႔ရွိရင္ ျငိမ္းခ်မ္းေရးနွင့္ ေျမယာစသျဖင့္ ေခါင္းစဥ္အမ်ားၾကီးနဲ႔ သူတုိ႔အလုပ္လုပ္တယ္။ ဒါေပမယ့္ တကယ့္ ျငိမ္းခ်မ္းေရးထဲမွာေပါ့ေနာ္ ၾကိဳးစားပမ္းစားနဲ႔ပါ၀င္ေနတဲ့အမ်ဳိးသမီးအခ်င္းခ်င္းၾကေတာ့လည္း မခ်ိတ္ ဆက္ၾကဘူး ဒါက်မအျမင္ ဒါအရုိးသားဆုံးက်မျမင္တာေပါ့။ အဲလုိမ်ဳိးသည္လည္းရွိတဲ့အခါၾကေတာ့ ဒါသူ႔အလုပ္သူလုပ္ေနတာပဲ ဒီအဖြဲ႔အစည္းနဲ႔ဆုိလုိ႔ရွိရင္ ေအာ္သူတို႔က ေတာ္လွန္ေရးအဖြဲ႔အစည္း ပဲေပါ့ေနာ္ ဒါဥပေဒနဲ႔ မကင္းဘူးလားစသျဖင့္ စုိးရင္စိတ္ေၾကာက္စိတ္သည္က က်မတုိ႔အမ်ဳိးသမီး စိတ္ထဲမွာ ရွိေနေသးတယ္။ အလုပ္တစ္ခုခုလုပ္ေတာ့မယ္ဆုိ ျပတ္သားဖုိ႔လုိတယ္၊ သတၱိရွိဖုိ႔လုိတယ္ ကုိယ့္ဟာနဲ႔ကုိယ္လည္း ယုံၾကည္မႈရွိဖုိ႔လုိတယ္။

၄။ ျငိမ္းခ်မ္းေရးမွာ အမ်ဳိးသမီးေတြပါ၀င္လာဖုိ႔အတြက္ ဘယ္လိုအေျပာင္းလဲမႈေတြလုပ္သင့္ပါသလဲ?
ျပီးေတာ့ ကုိယ္ကုိယ္နွိက္ကုိက အရင္ဆုံးေျပာင္းလဲဖုိ႔လုိတယ္။ က်မအျမဲတုိင္းေျပာတယ္။ ကုိယ္ကုိယ္နွက္ေျပာင္းလဲမွ က်မပါ၀င္နုိင္မႈနႈန္းလည္းျမင့္ တက္လာမယ္။ အုပ္ခ်ဳပ္မွဴးေတြသူတို႔ေရြး တယ္ေပါ့ေနာ္ ျမိဳ႕နယ္ေတြ ရပ္ရြာေတြ၊ စည္ပင္လည္း ေရြးတယ္။ ဒီလုိမ်ဳိးမွာ ၾကေတာ့ အမ်ဳိးသမီးေတြ ကလည္း မထြက္လာေတာ့ဘူး က်မလက္ရွိျမင္ ေနရတာကတစ္ခုက ပါတီသည္ ၂၀၂၀ေရြးေကာက္ပြဲ လာေတာ့မယ္ ပါတီတုိင္းက အမ်ဳိးသမီးကုိ ေလ့လာတယ္ေလ ဘယ္အမ်ဳိးသမီးက ဘယ္ျမိဳ႕နယ္မွာ ဘယ္နွစ္ေယာက္ထြက္လာနုိင္မလဲဆုိတာ အမ်ဳိးသမီးအခြင့္ အေရးကေတာ့ေျပာေနၾကတယ္၊ လုပ္ေန ၾကတယ္၊ ေအာ္ေနၾကတယ္၊ ၾကိဳးစားေနၾကတယ္၊ အခြင့္အေရးခ်ဳိးေဖာက္ခံရတယ္ နည္းမ်ဳိးစုံေပါ့ လူမႈေရးကုိလုပ္ေနၾကေသာ္ျငားလည္းပဲ တကယ့္ေတြမွာေပါ့ေနာ္ decision maker ေရာက္မယ့္ အေနအထားလုိမ်ဳိးမွာ က်မတုိ႔အမ်ဳိးသမီးေတြက ထြက္မလာဘူး။ ဆုိေတာ့ဘာကုိခက္ခဲလဲ။ ကုိယ့္ကုိယ္လည္းကုိယ္ေမးတယ္။ ဘာကခက္ခဲ ေနလည္းဆုိေတာ့ အဓိကကုိယ့္ကုိယ္ကုိ အရင္ေျပာင္း လဲပါလုိ႔။ အဲဒါပဲ။ ကုိယ့္ကုိယ္ကုိ အရင္ေျပာင္းလဲဖုိ႔၊ သတၱိရွိဖုိ႔ အဲဒါကုိပဲ အဲဒါေၾကာင့္မလုိ႔ဆုိျပီး က်မေတာ့ ေျပာခ်င္တယ္။

၅။ အမ်ဳိးသမီးအေနနဲ႔ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းမွာ ပါ၀င္လုပ္ကုိင္ေနေတာ့ လူမႈအသုိင္းအ၀ုိင္း ၾကားမွာ ခြဲျခားဆက္ဆံရတာေတြခံခဲ့ဖူးသလား။
ပီးလုိင္းကီး- ရွိပါတယ္။ ဒါကေတာ့။ အမ်ားၾကီးပဲရွိပါတယ္။ ဒါေပမယ့္ အခုေနာက္ပုိင္းၾကေတာ့ Peace process ျဖစ္ေနကာလ နွစ္နွစ္သုံးနွစ္ေလးနွစ္ေျမာက္ရွိလာျပီ NCA နွစ္ပတ္လည္ေတြ ျဖစ္လာျပီး ဆုိေတာ့ေလ အခုေတာ့ အေနအထားကေန နည္းနည္းေတာ့ ေက်ာ္လြန္လာတယ္ နည္းနည္းေတာ့ တံခါးဖြင့္လာတယ္လုိ႔ က်မခံစားတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျမန္မာျပည္ အမ်ဳိးသမီးအဖြဲ႔ခ်ဳပ္ ဆုိလုိ႔ ရွိရင္ ျငိမ္းခ်မ္းေရးဖုိရမ္ေတြလုပ္လုိ႔ရွိရင္လည္း EAOs ထဲက အမ်ဳိးသမီးေတြကုိ တစ္ဖြဲ႔ကတစ္ေယာက္ ဖိတ္တဲ့ဟာေလသည္၊ တစ္ခ်ဳိ႕Peace Forum လုပ္တဲ့ CSO ေတြလုပ္ရင္လည္းပါ၀င္ဖုိ႔ဆုိတဲ့ဟာ မ်ဳိးသည္ အခ်ိတ္အဆက္ကေတာ့ မိလာၾကပါျပီ အရင္ကထက္စာလုိ႔ရွိရင္အမ်ားၾကီးပဲ။ အရင္ကေတာ့ ေၾကာက္တာေပါ့။ ကုိယ္ကလူမႈအဖြဲ႔အစည္းတစ္ခုကေနတက္လာတယ္ျဖစ္ခဲ့ရင္ေတာင္မွကုိယ္က တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းထဲမွပါေတာ့ သူတုိ႔ရဲ႕အျမင္က တစ္မ်ဳိးၾကီးျဖစ္သြားျပီးလဲ။ သူတုိ႔ရဲ႕ေ၀ဖန္သုံးသပ္မႈကတစ္မ်ဳိးၾကီးျဖစ္သြားတယ္။ သူလည္းသူ႕ေပါလစီနဲ႔သူသြားတယ္။ ကုိယ္ လည္း ကုိယ့္ေပၚလစီနဲ႔ကုိယ္သြားတယ္ဆုိတဲ့အေနအထားလုိမ်ဳိးမွာ တစ္ေယာက္နဲ႔တစ္ေယာက္၊ အရင္ကေတာ့ ရင္ခုန္သံထပ္တူေပမယ့္ ရင္ခုန္သံကနည္းနည္းအလွမ္းေ၀းကြာသြားတဲ့ဟာမ်ဳိးေလး သည္ေပါ့။ က်မအမ်ားၾကီးၾကဳံခဲ့ပါတယ္လုိ႔။

၆။ ႔ ၾကည့္ရႈအားေပးေနသည့္ အမ်ဳိးသမီးမ်ားကုိ ဘာမ်ားမွာခ်င္ပါသလဲ။
ပီးလုိင္းကီး- ခ်င္းျပည္နယ္အရပ္ရပ္မွာရွိတဲ့အမ်ဳိးသမီးအားလုံးကုိေပါ့ေလ က်မအားေပးခ်င္ပါတယ္လုိ႔။ ကုိယ္က် တဲ့က႑၊ ကုိယ္ပါ၀င္ပတ္သက္ေနတဲ့ လူမႈအသုိင္းအ၀ိုင္းမွာ ဇြဲေလွ်ာ့လုံလ၀ိရိယေလွ်ာ့တာ မ်ဳိး အားငယ္တာမ်ဳိး ကုိယ့္ကုိယ္သိမ္ငယ္တာမ်ဳိး စိတ္ဓါတ္သည္မေမႊးေစဘူးလုိ႔။ အားတင္းထားပါ။ က်မတုိ႔ခ်င္းအမ်ဳိးသမီးေတြဟာ နုိင္ငံေရး၊ လူမႈေရး၊ စီးပြားေရးက႑တုိင္းမွာ ခ်င္းအမ်ဳိးသမီးေတြ လည္း ေခါင္းေဆာင္ေကာင္းအမ်ားၾကီး ေပၚထြန္းလာနုိင္ေအာင္ၾကိဳးစားၾကရေအာင္ က်မအေနနဲ႔ မွာခ်င္ပါ တယ္။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *