May 13, 2025

နိုင်ငံတော်အနေဖြင့် ပြည်သူများကို အပြည့်အ၀ ကူညီထောက်ပံ့ပေးလိုကြောင်း ဒုသမ္မတ ပြော

0
50458239_2583800605179679_3565584035554000896_n

The Chinland Post| 2019 January 23| ချင်းပြည်နယ် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်နိုင်ငံတော် ဒုသမ္မတ ဦး ဟင်နရီဗန်ထီးယူသည် ပြည်သူများ၏ လိုအပ်ချက်များကို မေတ္တာ စေတနာ အပြည့်အ၀ဖြင့် ကူညီထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ထန်တလန်မြို့ UPC အသင်းအတွင်း လူထုတွေ့ဆုံပွဲတွင် ပြောဆိုလိုက်ပါတယ်။

 “ကူည်ီဖို့ ဆန္ဒအပြည့်အ၀ရှိပေမဲ့ မတတ်နိုင်တဲ့ လိုအပ်ချက်လည်းရှိတယ်၊ ကျွန်တော်တို့ကို မကူညီချင်ဘူးဆို့ အယူအစမရှိဖို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ကျွှန်တော်တို့ လုပ်ချင်တဲ့ ဆန္ဒအတိုင်း အကောင်မဖော်နိုင်တဲ့ အချက်ကိုလည်း နားလည်ပေးကြဖို့ နိုင်ငံတော်အစိုးရ ကိုယ်စား ပြောချင်ပါတယ်။ ကျွှန်တော်တို့ သိထားဖို့က ကူညီဖို့လိုနေတဲ့သူ အများကြီးရှိသေးတယ်၊ ဘာသားရေးပိုင်းမှာလည်း ကူညီပေးသွားဖို့လိုတယ်၊ ဒါတွေကို ကျွန်တော်တို့ သက်တမ်းမှာ အထောက်အပံ့ပေးဖို့ အစပဲရှိသေးတယ်၊ ကျွန်တော်တို့ စိတ်ဆန္ဒအတိုင်း အကောင်အထည် မဖော်ပေးနိုင်တဲ့အတွက် နားလည်ပေးကြဖို့” ဒုသမ္မတ ဦး ဟင်နရီဗန်ထီးယူက ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦး ဟင်နရီဗန်းထီးယူသည် ဇန်န၀ါရီ ၂၁ နေ့တွင် သိကီရ်ရေလှောင်တမံ နှင့် ဆေးရုံများကို စစ်ဆေးပြီးနောက် ချင်းပြည်နယ် ဟားခါးမြို့သို့ ထွက်ခွာသွားသည်။

Photo: The Chinland Post

Leave a Reply

Your email address will not be published. Required fields are marked *