October 12, 2025

အပိုင်း (ရ) အခြေခံဥပဒေကို ဘယ်လိုရေးဆွဲမလဲ။

Party 7 How to write Constitution

Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3| ရ။ အခြေခံဥပဒေကို ဘယ်လိုရေးဆွဲမလဲ။

တိုင်းပြည်တစ်ခုရဲ့ အခြေခံဥပဒေကို ရေးဆွဲရာမှာ ပိုင်ပိုင်နိုင်နိုင် မရေးဆွဲနိုင်လို့ရှိရင် တိုင်း ပြည်တစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ သွေးတွေမြေကျပြီး ပြည်တွင်းစစ်တွေ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ အခြေခံဥပဒေတွေကို ရေးဆွဲတဲ့အခါမှာ အရေးကြီးဆုံးအချက်က ပြည်သူအားလုံးရဲ့ ပါဝင်မှုပဲဖြစ်တယ်။ အဲဒီတော့ သူ့ရဲ့ ရေးဆွဲပုံရေးဆွဲနည်းက အရေးကြီးတာပေါ့။

သာမန်အချိန်မှာတော့ ပြည်သူတွေ ရွေးကောက်ထားတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်က
ရေးဆွဲလေ့ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေယုံကြည်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကသော်လည်းကောင်း၊ ဥပဒေပညာရှင်တွေကသော်လည်းကောင်း သူတို့ရဲ့ အကြံပြုချက်တွေနဲ့ မူကြမ်းတွေ ရေးဆွဲရတယ်။

အဲဒီလောက်နဲ့ မပြည့်စုံသေးဘူး။ လွှတ်တော်ထဲမှာ ထပ်ပြီး အချေတင် ဆွေးနွေးရသေးတယ်၊ ငြင်းခုံရသေးတယ်။ ပြီးတော့ ပြည်သူတွေကိုလည်း အကြိမ်ကြိမ်ချပြရသေးတယ်။ ပြည်သူတွေက Feed Back တွေ ပြန်ပေးပြီး အဲဒါတွေလည်း တစ်ခါပြန်ဆွေးနွေး စသဖြင့် အဲဒီလို အကြိတ်အနယ်လုပ်ရတဲ့ကိစ္စဖြစ်တယ်။

အလွယ်တကူ ရေးဆွဲလို့မရဘူး။ ကျွန်တော်တို့တိုင်းပြည်မှာဆိုရင် ဥပဒေပညာရှင်တစ်ဦးက သူ့ဥပဒေပညာ ကျွမ်းကျင်တိုင်း ဥပဒေပုဒ်မတွေကို သူ့အလိုအတိုင်း ရေးလိုက်တဲ့အတွက် ကျွန်တော်တို့နိုင်ငံကြီးမှာ သွေးမြေတွေကျ၊ ပြည်တွင်းစစ်တွေ မရပ်မနားဖြစ်နေပြီး အားလုံး ဒုက္ခပင်လယ်ဝေခဲ့ကြရတာ သမိုင်းအတွေ့ အကြုံပဲ။ ဒါကြောင့် ကျွန်တော်တို့ ဒါကို အလေးအနက်ထားပြီး စဉ်းစားဖို့လိုတယ်။

ဒါကြောင့်လည်း အခြေခံဥပဒေကို နားလည်အောင် အကြိမ်ကြိမ် အလီလီ သင်တန်းတွေ ပို့ချ၊ Seminar တွေ လုပ်ကြတယ်။ မူကြမ်းတွေရေးဆွဲပြီးတော့ ကျွန်တော်တို့အဆင့်ဆင့် လုပ်ခဲ့ ကြတယ်။

အဲဒီလိုလုပ်ခြင်းအားဖြင့် တချို့ကလည်း ကျွန်တော်တို့ကို မလိုအပ်တာတွေလုပ်တယ်။ လုပ်လို့မရသေးတာတွေ လုပ်တယ်။ အချိန်မတန်သေးတာတွေလုပ်တယ်။ တစ်ချိန်မှာ ဒီမိုကရေစီရမှ တိုင်းပြုပြည်ပြုလွှတ်တော်က လုပ်ရမယ့် အလုပ်တွေကို ကျွန်တော်တို့က လုပ်နေတယ်လို့ ဝေဖန်တဲ့လူတွေလည်းရှိတယ်။

သို့သော်လည်းပဲ အဲဒီအချိန်အခါကျမှ စပြီးလုပ်မယ်ဆိုရင်၊ စပြီး လေ့လာကြမယ်ဆိုရင် အမှားမှားအယွင်းယွင်းတွေ ဖြစ်လာနိုင်တာ သေချာပေါက်ပဲ။ ပညာရှင်တွေ ကသော်
လည်းကောင်း၊ နိုင်ငံရေးသမားတွေကသော်လည်းကောင်း သူတို့ထင်ရာစိုင်းပြီး ထပ်လုပ် သွားလို့ရှိရင် ပြည်သူတွေပဲ တစ်ခါထပ်ပြီးတော့ နစ်နာနေဦးမယ်။

အဲဒါကြောင့်မို့လို့ တစ်ခါတည်း ပြည်သူတွေကို ချပြနေတာ၊ Web Page တွေမှာလည်း တင်ပြီးတော့ နေရာတကာမှာလည်း ကြုံရင်ကြုံသလို အခွင့်ကြုံတိုင်းကြုံတိုင်း ဒါတွေကိုချပြဆွေးနွေးနေရတာဖြစ်တယ်။ ဒါတွေကြောင့် ဒီအခြေခံဥပဒေဆိုတာ အင်မတန်မှ နက်ရှိုင်းတဲ့ကိစ္စဖြစ်တဲ့အတွက် ပေါ့ပေါ့တန်တန် မစဉ်းစားကြဖို့ အရေးကြီးပါတယ်။

ဆက်ရန်။ အခန်(၈) အများစုရဲ့ အုပ်ချုပ်ရေးနဲ့ လူနည်းစု အခွင့်အရေး

Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3|
ရ။ အေျခခံဥပေဒကို ဘယ္လိုေရးဆြဲမလဲ။

တိုင္းျပည္တစ္ခုရဲ႕ အေျခခံဥပေဒကို ေရးဆြဲရာမွာ ပိုင္ပိုင္ႏိုင္ႏိုင္ မေရးဆြဲႏိုင္လို႔ရွိရင္ တိုင္း ျပည္တစ္ခုလုံး ပ်က္စီးသြားႏိုင္တယ္။ ေသြးေတြေျမက်ၿပီး ျပည္တြင္းစစ္ေတြ ျဖစ္သြားႏိုင္တယ္။ အဲဒီေတာ့ အေျခခံဥပေဒေတြကို ေရးဆြဲတဲ့အခါမွာ အေရးႀကီးဆုံးအခ်က္က ျပည္သူအားလုံးရဲ႕ ပါဝင္မႈပဲျဖစ္တယ္။ အဲဒီေတာ့ သူ႔ရဲ႕ ေရးဆြဲပုံေရးဆြဲနည္းက အေရးႀကီးတာေပါ့။

သာမန္အခ်ိန္မွာေတာ့ ျပည္သူေတြ ေ႐ြးေကာက္ထားတဲ့ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္က
ေရးဆြဲေလ့ရွိတယ္။ ဒါေပမဲ့ ျပည္သူေတြယုံၾကည္တဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြကေသာ္လည္းေကာင္း၊ ဥပေဒပညာရွင္ေတြကေသာ္လည္းေကာင္း သူတို႔ရဲ႕ အႀကံျပဳခ်က္ေတြနဲ႔ မူၾကမ္းေတြ ေရးဆြဲရတယ္။

အဲဒီေလာက္နဲ႔ မျပည့္စုံေသးဘူး။ လႊတ္ေတာ္ထဲမွာ ထပ္ၿပီး အေခ်တင္ ေဆြးေႏြးရေသးတယ္၊ ျငင္းခုံရေသးတယ္။ ၿပီးေတာ့ ျပည္သူေတြကိုလည္း အႀကိမ္ႀကိမ္ခ်ျပရေသးတယ္။ ျပည္သူေတြက Feed Back ေတြ ျပန္ေပးၿပီး အဲဒါေတြလည္း တစ္ခါျပန္ေဆြးေႏြး စသျဖင့္ အဲဒီလို အႀကိတ္အနယ္လုပ္ရတဲ့ကိစၥျဖစ္တယ္။

အလြယ္တကူ ေရးဆြဲလို႔မရဘူး။ ကြၽန္ေတာ္တို႔တိုင္းျပည္မွာဆိုရင္ ဥပေဒပညာရွင္တစ္ဦးက သူ႔ဥပေဒပညာ ကြၽမ္းက်င္တိုင္း ဥပေဒပုဒ္မေတြကို သူ႔အလိုအတိုင္း ေရးလိုက္တဲ့အတြက္ ကြၽန္ေတာ္တို႔ႏိုင္ငံႀကီးမွာ ေသြးေျမေတြက်၊ ျပည္တြင္းစစ္ေတြ မရပ္မနားျဖစ္ေနၿပီး အားလုံး ဒုကၡပင္လယ္ေဝခဲ့ၾကရတာ သမိုင္းအေတြ႕ အႀကဳံပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဒါကို အေလးအနက္ထားၿပီး စဥ္းစားဖို႔လိုတယ္။

ဒါေၾကာင့္လည္း အေျခခံဥပေဒကို နားလည္ေအာင္ အႀကိမ္ႀကိမ္ အလီလီ သင္တန္းေတြ ပို႔ခ်၊ Seminar ေတြ လုပ္ၾကတယ္။ မူၾကမ္းေတြေရးဆြဲၿပီးေတာ့ ကြၽန္ေတာ္တို႔အဆင့္ဆင့္ လုပ္ခဲ့ ၾကတယ္။

အဲဒီလိုလုပ္ျခင္းအားျဖင့္ တခ်ိဳ႕ကလည္း ကြၽန္ေတာ္တို႔ကို မလိုအပ္တာေတြလုပ္တယ္။ လုပ္လို႔မရေသးတာေတြ လုပ္တယ္။ အခ်ိန္မတန္ေသးတာေတြလုပ္တယ္။ တစ္ခ်ိန္မွာ ဒီမိုကေရစီရမွ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္က လုပ္ရမယ့္ အလုပ္ေတြကို ကြၽန္ေတာ္တို႔က လုပ္ေနတယ္လို႔ ေဝဖန္တဲ့လူေတြလည္းရွိတယ္။

သို႔ေသာ္လည္းပဲ အဲဒီအခ်ိန္အခါက်မွ စၿပီးလုပ္မယ္ဆိုရင္၊ စၿပီး ေလ့လာၾကမယ္ဆိုရင္ အမွားမွားအယြင္းယြင္းေတြ ျဖစ္လာႏိုင္တာ ေသခ်ာေပါက္ပဲ။ ပညာရွင္ေတြ ကေသာ္
လည္းေကာင္း၊ ႏိုင္ငံေရးသမားေတြကေသာ္လည္းေကာင္း သူတို႔ထင္ရာစိုင္းၿပီး ထပ္လုပ္ သြားလို႔ရွိရင္ ျပည္သူေတြပဲ တစ္ခါထပ္ၿပီးေတာ့ နစ္နာေနဦးမယ္။

အဲဒါေၾကာင့္မို႔လို႔ တစ္ခါတည္း ျပည္သူေတြကို ခ်ျပေနတာ၊ Web Page ေတြမွာလည္း တင္ၿပီးေတာ့ ေနရာတကာမွာလည္း ႀကဳံရင္ႀကဳံသလို အခြင့္ႀကဳံတိုင္းႀကဳံတိုင္း ဒါေတြကိုခ်ျပေဆြးေႏြးေနရတာျဖစ္တယ္။ ဒါေတြေၾကာင့္ ဒီအေျခခံဥပေဒဆိုတာ အင္မတန္မွ နက္ရႈိင္းတဲ့ကိစၥျဖစ္တဲ့အတြက္ ေပါ့ေပါ့တန္တန္ မစဥ္းစားၾကဖို႔ အေရးႀကီးပါတယ္။

ဆက္ရန္။
(အပိုင္း(၁) ဒီမိုကရီစီမ်ိဳးေစ့ႏွင့္ပင္လုံျပည္ေထာင္စု)
အခန္(၈) အမ်ားစုရဲ႕ အုပ္ခ်ဳပ္ေရးနဲ႔ လူနည္းစု အခြင့္အေရး

About The Author

Leave a Reply

Your email address will not be published. Required fields are marked *