ရောဂါပျံ့နှံ့စေသော ဗိုင်းရပ်စ်ပိုးကိုကာကွယ်ခြင်း “လက်ကိုခနခနဆေးပါ” လက်ကိုခနခနဆေးကြောခြင်းသည် ကိုဗစ်-၁၉ရောဂါကာကွယ်ခြင်းအတွက် ကုန်ကျစရိတ်သက်သာပြီးအလွယ်ကူဆုံးသောကာကွယ်ခြင်းတမျိူးဖြစ်ပါသည်။ကလေးများအားလက်ကိုသန့်ရှင်းစွာထားရန်အရေးကြီးလှပါသည်။မိမိတို့၏သားသားမီးမီးများအားကျန်းမာစွာရောဂါကာကွယ်နိုင်ရန်လက်ဆေးခြင်းအရေးကြီးပုံနှင့်လက်ဆေးပုံဆေးနည်းများအားသင်ကြားပေးရန်လည်းလိုအပ်လှပါသည်။ ကိုဗစ်-၁၉ရောဂါအတွင်း လက်ကိုခနခနဆေးပေးရန်လိုအပ်ကြောင်းနှင့်လက်ဆေးခြင်းအားဖြင့်မည်ကဲ့သို့ရောဂါကူးဆက်ခြင်းအားကာကွယ်ရမည်ဆိုသည့့််အသိပညာဗဟုသုတသည်လည်း အလွန်အရေးကြီးသော အချက်များဖြစ်ပါသည်။ အောက်ဖော်ပြပါအချက်လက်များတွင်“မည်သည့်အချိန်တွင်လက်ဆေးရန်လိုအပ်မည်နည်း” ဟူသောအချက်နှင့်“မည်ကဲ့သို့လက်ဆေးရမည်”ဆိုသည့်အချက်များကိုဖော်ပြပေးသွား မည်ဖြစ်ပါ သည်။ မည်သည့်အချိန်မှာလက်ဆေးရမလဲ? ၁။ ရေချိုးခန်းမှထွက်လာသည့်အချိန်တိုင်း လက်ဆေးရန်။ ၂။...